感謝

Study in Taiwan Jung-Ho Ou Yang 歐陽蓉荷

探索科系,選擇未來,你應該先...

分享此講座

此講座於 2017 年底前錄製,拍攝畫質與講座架構較為精簡,建議也可至平台上觀看其他同校或同系講座
跳至Q1. 要怎麼知道我是用哪種僑生身分呢?要怎麼申請去台灣念大學呢?(ထိုင်ဝမ်မှာတက္ကသိုလ်တက်ချင်ပါက ဘယ်လိုလျှောက်လွှာတင်ရမလဲ။)

ထိုင်ဝမ်မှာ တက္ကသိုလ်တက်ချင်ပါက ဝင်ခွင့်ပုံစံသုံးမျိုးရှိပါတယ်။လဲ။လဲ (၁) တရုတ်ကျောင်း အထက်တန်းအောင်လက်မှတ်ရပါကမြန်မာနိုင်ငံမှာ ထိုင်ဝမ်ကလာရောက်ကျင်းပတဲ့စာမေးပွဲဝင်ဖြေရပါမယ်။ ရမှတ်ပေါ်မူတည်ကာ တက္ကသိုလ် သို့မဟုတ် တက္ကသိုလ်ဝင်ခွင့်လေ့ကျင့်ရေးကျောင်းကို တက်ရောက်ခွင့်ရပါမယ်။

(၂) မြန်မာနိုင်ငံမှာ တက်ရောက်နေတဲ့ တက္ကသိုလ်ဒုတိယနှစ်အေင်စာရင်းပြသပြီး ထိုင်ဝမ်မှစာမေးပွဲကို ဝင်ဖြေရပါမယ် ရမှတ်ပေါ်မူတည်ကာ တက်ရောက်ခွင့်ရမယ့် ကျောင်းကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

(၃) မြန်မာကျောင်းဆယ်တန်းအောင်လက်မှတ်ပြပြီး လျှောက်လွှာ တင်ကာတက္ကသိုလ်ဝင်ခွင့်လေ့ကျင့်ရေး ကျောင်းကို တက် ရောက်နိုင်မှာဖြစ်ပါတယ်။

 

跳至Q2. 最新的簡章和緬甸地區赴台入學資訊要去哪裡看呢?(ထိုင်ဝမ်ကကျင်းပတဲ့စာမေးပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များ ကိုဘယ်မှာရနိုင်မလဲ။)

ထိုင်ဝမ်ကမြန်မာနိုင်ငံမှာလာရောက်ကျင်းပတဲ့စာမေးပွဲနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်ကို နိုဝင်ဘာလမှာ အဆိုပါ website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

 

跳至Q3. 報名表要去哪裡拿呢?(စာမေးပွဲဖြေဆိုရန်လျှောက်လွှာကိုဘယ်မှာရနိုင်လဲ။)

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို website မှ download ရယူနိုင် ပါတယ်နိုင်လဲ။

 

跳至Q4. 完成報名資料填寫後要繳交到哪裡呢?( ဖြည့်ပြီးသားဝင်ခွင့်လျှောက်လွှာကိုဘယ်မှာသွားတင်ရမလဲ။)

ဝင်ခွင့်လျှောက်လွှာကို မန္တလေးကွန်ဖြူးရှပ်တရုတ်ကျောင်း (သို့) သက်ဆိုင်ရာ တရုတ်ကျောင်း ဆရာများထံမှာ တင်နိုင်ပါတယ်

 

跳至Q5. 學歷證件一定要核驗嗎?(ဝင်ခွင့်စာမေးပွဲဖြေဆိုရန်လိုအပ်သည့်စာရွက်စာတန်းများကိုနိုင်ငံခြားရေး ရုံးမှာစစ်ဆေးပြီးမှတင်ရမှာလား။)

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်လိုအပ်သည့်စာရွက်စာတမ်းများကို နိုင်ငံခြားရေးရုံးမှာ မှန်ကန်ကြောင်း စစ်ဆေးပြီးမှသာ လျှောက်လွှာတင်ရပါမယ်

 

跳至Q6. 有關辦理簽證的注意事項 (ဗီဇာလျှောက်လွှာလျှောက်ရန်သတိထားရမဲ့အချက်အလက်များ။)

ဝင်ခွင့်စာမေးပွဲ လျှောက်လွှာနဲ့ ဗီဇာလျှောက်လွှာမှ အချက်အလက်တူညီရပါမယ်။ ဥပမာ၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ သန်းခေါင်စာရင်း၊ အမှတ်စာရင်း ၊ အောင်လက်မှတ်။

 

跳至Q7. 你覺得暨大最特別的地方是什麼?(ချီနန်တက္ကသိုလ်ရဲ့အထူးခြားဆုံးအရာကဘာလဲ။)

ချီနန်တက္ကသိုလ်ဟာ ထိုင်ဝမ်တစ်ခုလုံးမှာအကျယ်အဝန်းအားဖြင့် တတိယအကျယ်ဆုံး တက္ကသိုလ်တစ်ခုဖြစ်ပြီးပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၆၅ ပေမှာတည်ရှိပါတယ်။ ၎င်းဟာ ထိုင်ဝမ်ရဲ့ အလယ်ဗဟို နန်းထိုခရိုင် ပူလီမြို့ နယ် အတွင်းမှာတည်ရှိနေတယ်။ချီနန်တက္က သိုလ်ဟာ တောင်ပေါ်ဒေသမှာ တည်ရှိတဲ့ ကျောင်းတစ် ကျောင်းဖြစ်တာကြောင့် လေကောင်းလေသန့် ရရှိပြီးတော့၊တောင်ပေါ် ရှုခင်းအလှအပ အများအပြားကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

မြို့ ပြနဲ့ မနီးမဝေး နေရာအတော်အသင့် ရှိနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး သွားရေးလာရေးအဆင် ပြေပါတယ်။ကျောင်းကနေ မြို့ ထဲကို သွားဖို့ အတွက်ချီနန်တက္ကသိုလ်က ကျောင်းကားစီစဉ်ထားပေးထားပါတယ်။ ချီနန်တက္ကသိုလ်ပုရဝုဏ် အတွင်းမှာသစ်ပင်၊ပန်းမန်အများအပြား စိုက်ပျိုးထားရှိပြီးအဲဒီအထဲမှာ ချယ်ရီပင်(ဆာကူရာ)၁၀၀၀ကျော်လည်း ပါဝင်ပါတယ်။

အဆိုပါ ပန်းများပွင့်ချိန် ဒီဇင်ဘာလ ရောက်တိုင်းဆာကူရာပန်းပွဲတော်ကို ပြုလုပ်လေ့ရှိကြပါတယ်။ကျောင်းမှာရှိတဲ့ အဆောက်အဦးတွေ ထဲမှာတော့စာကြည့်တိုက် အဆောက်အဦး၊အားကစားရုံနဲ့  ကျောင်းသားလှုပ်ရှားမှုစင်တာ တွေကကျောင်းသားတိုင်းအတွက် ရှောင်လွှဲလို့ မရတဲ့နေရာတွေ ဖြစ်ပြီးတော့ ကျောင်းသားအားလုံးလိုလိုအသုံးပြု လေ့ရှိကြပါတယ်။

 

跳至Q8. 你會建議緬甸學生畢業之後留在台灣工作嗎?(ထိုင်ဝမ်မှာပညာလာရောက်သင်ယူနေတဲ့မြန်မာနိုင်ငံ ရဲကျောင်းသား များ ကျောင်းပြီးရင်ထိုင်ဝမ်မှာပဲ အလုပ်ဆက်လုပ်ဖို့တိုက်တွန်းလား။)

ကျောင်းပြီးသွားရင် မြန်မာနိုင်ငံကို ချက်ခြင်း မပြန်ဘဲနဲ့ ထိုင်ဝမ်မှာ သုံးလေးနှစ်လောက်အချိန်ယူပြီးအလုပ်လုပ်သင့်ပါတယ်။ဒီဘက်မှာကျောင်းတ ကျာင်းတက်ထားတဲ ဘာသာရပ်နဲ့ ဆိုင်တဲ့ အလုပ်ရှာပြီး လက်တွေ့ အသုံးချကြည့်စေချင်တယ်။ဒါဆိုပိုပြီးတော့ စာသင်တာရောလုပ်ငန်းခွင်အတွေ့ အကြုံရောပိုရသွားမှာဖြစ်တယ်။ဒီဘက်မှာ ရတဲ့အတွေ့ အကြုံတွေကို မြန်မာနိုင်ငံကို ပြန်ပြီး သယ်ဆောင်သွားလို့ ရပါတယ်။

 

跳至Q9. 你覺得緬甸學生應該如何融入台灣的工作習慣和文化?( မြန်မာနိုင်ငံကလာတဲ့ကျောင်းသားတွေဟာထိုင်ဝမ်ရဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်မယ်ဆိုရင် ဘာကိုသတိထားရမှာလဲ။)

မြန်မာနိုင်ငံကလာတဲ့ကျောင်းသားတွေဟာထိုင်ဝမ်မှာအလုပ်လုပ်မယ် ဆိုရင်ဒီထိုင်ဝမ်ရဲ့လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်အောင်လုပ်ငန်းခွင်စည်းကမ်းလိုက်နာဖို့ နဲ့ လုပ်ငန်းခွင်သုံးစကားလုံးတွေသိထားဖို့ လိုပါတယ်။

 

跳至Q10. 暨大會如何照顧緬甸的學生?(ချီနန်တက္ကသိုလ်က မြန်မာနိုင်ငံကလာတဲ့ကျောင်းသား တွေကိုဘယ်လိုစောင့်ရှောက်ပေးလဲ။)

ချီနန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံက ကျောင်းသားတွေအပေါ် နွေးထွေးတဲ့ ဆက်ဆံမှု ရှိပြီးအခက်အခဲ ရှိရင်လည်း ကူညီမှု ပေးပါတယ်။နှစ်တိုင်းနှစ်တိုင်း နိုင်ငံတကာက ကျောင်းသားတွေ လာတဲ့အခါ ထိုင်ဝမ်မှာ ရှိတဲ့ လေဆိပ်က တစ်ဆင့်ချီနန်တက္ကသိုလ် အဆောင်ရှေ့ အထိ ရောက်အောင်ကားနဲ့ ကြိုပေးပါတယ်။

此講座於 2017 年底前錄製,拍攝畫質與講座架構較為精簡,建議也可至平台上觀看其他同校或同系講座

 

分享此講座